Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

14.6.11

အောင်ဆန်းစုကြည် မြန်မာပြည်တွင် နေသည် - အသံထွက်ကဗျာ

မိုးမခ၊ ဇွန် ၁၃၊ ၂၀၁၁
ကျနော်တို့ရဲ့ လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၆ နှစ်မြောက် မွေးနေ့အတွက် ကဗျာဆရာ မောင်လွမ်းဏီ ရေးဖွဲတဲ့ကဗျာကို ကိုဇာဂနာရဲ့သီးလေးသီးက မောင်ကြယ်သီးက ဂါရ၀ပြု ရွတ်ဖတ်မှာ ဖြစ်ပါတယ်။  ကဗျာက - "အောင်ဆန်းစုကြည်မြန်မာပြည်တွင်နေသည်"
-      ကဗျာရေးသူ - မောင်လွမ်းဏီ၊ ကဗျာဖတ်သူ - ကြယ်သီး၊
-      အသံသွင်းစတူဒီယို - ရှမ်ဘဲလား၊ ကဗျာလာတဲ့အရပ် - မြန်မာပြည်အိမ်နီးချင်း ထိုင်းနိုင်ငံ

22.3.11

ကဗျာနေ့အတွက် အသံထွက်ကဗျာတပုဒ် - “တဆင့်စကားများ”

 ကဗျာနေ့အတွက် အသံထွက်ကဗျာတပုဒ် - “တဆင့်စကားများ”
မတ် ၂၂၊ ၂၀၁၁
ကဗျာရေးသူ - မောင်လွမ်းဏီ၊ ကဗျာဖတ်သူ - ကြယ်သီး၊
အသံသွင်းစတူဒီယို - ရှမ်ဘဲလား၊ ကဗျာလာတဲ့အရပ် - မြန်မာပြည်အိမ်နီးချင်း ထိုင်းနိုင်ငံ

21.10.10

Kye Thee (Thee Lay Thee) - Poem for my Father



အဖေတော်သည်
ကြယ်သီး (သီးလေးသီး)
အောက်တိုဘာ ၂၀၊ ၂၀၁၀
လူရွှင်တော် ကြယ်သီး (သီးလေးသီး) က သူ့ဖခင်ဆုံးပါးခဲ့သည့် နှစ်ပတ်လည်အတွက် အမှတ်တရ စကား နဲ့ ကဗျာ။  (အရင်ဆုံး ကိုကြယ်သီးရဲ့ စကားသံကို သည်နေရာက နားထောင်ပါ)။

အဖေ့သီလ၊ အကျင့် ၊သိက္ခာ၊ သမာဓိ
ဘာနဲ့ပဲ ကြည့်ကြည့်၊ တိမှတိ၊ ပိမှပိ၊ ထိမှထိ
မရှိ၊ မသိ လို့ ပြောနေပေမယ့်၊ ကြည့်ကြည့်နေတဲ့ မျက်လုံးက
ရတက်မဖုံး၊ တသက်လုံး
တန်ခိုးထွားထွားနဲ့ ရိုးသားနေတဲ့အဖေ။
မိမွေ၊ ဖမွေ ထိန်းဝေလို့ ဆိုပါက၊ အဖေ၏ အဟာရ
ကာလတွေ အတွက် တည်ခင်း၊ အဖေ့ ပုဂံပေါ်က ထမင်း .....
ဖိုးရွှေလမင်းကြီးထံမှတောင်းသော ဆုံ ဆီ ဆပ် ဆီ … မဟုတ်
လက်ညာ လက်ယာဖြင့် ငါးဖြာ အနန္တ အတွက် စားဦး ကိုချ
မြင့်မြတ်ဒါန
ဘ၀တခုလုံး ... ... ... ... သူကျင့်သုံးသည်
အဖေ့          ဆုံ... ဆီ ... ။
သားတို့ ညီ၊ ညီမ လက်ဝယ် “ခ” ဖို့
ပြည့်ဝန်းစန္ဒာ၊ ၀ိုင်းစက်စွာလို့
ရှင်းလင်းစွာကျွေး သမိုင်းရေးသည်
အဖေ့ “၀” လုံး
စ၊ လယ်၊ ဆုံး ပြီ ...
ပြောင်း တမလွန်  “၅၇”

၁၅ ရက် ၁၀ လ ၂၀၀၉ ခုနှစ်
ညနေ ၇ နာရီ ၄၅ မိနစ်