အမျိုးသမီးတွေက လွှတ်တော်ကို ချွတ်ပြီ မိုးမခအထောက်တော် မဲဆောက်၊ ဇူလိုင် ၂၃၊ ၂၀၁၁ အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ (WLB) စီစဉ်ရိုက်ကူးသော "ချွတ်ချော်တဲ့လွှတ်တော်"လို့ အမည်ပေးထားတဲ့
ဟာသသရုပ်ဖေါ်ဇာတ်လမ်းကို DVB ကထုတ်လွှင့်ပြသတော့ပါမယ်လို့ ဆိုပါတယ်။ - မြန်မာနိုင်ငံမှာအသစ်ပေါ်လာတဲ့ ကြံ့ဖွံ့လွှတ်တော်ကိုလှောင်ပြောင်၊ သရုပ်ဖေါ်ထားတဲ့
- ဇာတ်လမ်းတပုဒ်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကြယ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့ ( သီးလေးသီး )
- - သီးညီနောင်အဖွဲ့သားများနဲ့အတူ ချင်းမိုင်မြို့က မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင်ထားကြပါတယ်။
"စစ်အာဏာရှင်တွေလက်အောက်ရောက်မြန်မာပြည်ကအတုအယောင်လွှတ်တော်တွင်းမှာ
အမတ်ဆိုသူတွေတိုင်းပြည်အတွက်လွတ်လပ်စွာလူထုအကျိုးမဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို
ဖော်ထုတ်သရော်ထားတာဖြစ်ပါတယ်။နိုင်ငံရေးလွတ်လပ်ခွင့်မပြောနဲ့ဦး၊အနုပညာကိုလွတ်လပ်စွာ
တင်ပြခွင့်မရှိသေးတဲ့ မြန်မာပြည်တွင်းမှာ ယခုကဲ့သို့ တင်ဆက်မှုတွေ ပေါ်ထွန်းလာဖို့ မျှော်လင့်မိတယ်"
လို့ (သီးလေးသီး )- သီးညီနောင်အဖွဲ့က ကိုပန်းသီးမှ မိုးမခကို ပြောကြားခဲ့ပါတယ်။ |
No comments:
Post a Comment
ကျန်းမာကြပါစေမင်္ဂလာပါခင်ဗျာ-ယနေ့ ကြွလာမိတ်သဟာချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြောက်မွေးပါခဲ့ရင်တော့ ဇာဂနာ နဲ့ သာနုတ်သွားကြပါဗျာ- - - -