4.8.11
ချွတ်ချော်တဲ့လွတ်တော်
Thee Lay Thee, WLB & DVB laud at Regime's Congress Print E-mail
User Rating: / 2
PoorBest 
Friday, 22 July 2011
 အမျိုးသမီးတွေက လွှတ်တော်ကို ချွတ်ပြီ
မိုးမခအထောက်တော် မဲဆောက်၊ ဇူလိုင် ၂၃၊ ၂၀၁၁
အမျိုးသမီးများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ (WLB) စီစဉ်ရိုက်ကူးသော  "ချွတ်ချော်တဲ့လွှတ်တော်"လို့ အမည်ပေးထားတဲ့
ဟာသသရုပ်ဖေါ်ဇာတ်လမ်းကို DVB ကထုတ်လွှင့်ပြသတော့ပါမယ်လို့ ဆိုပါတယ်။
  1. မြန်မာနိုင်ငံမှာအသစ်ပေါ်လာတဲ့ ကြံ့ဖွံ့လွှတ်တော်ကိုလှောင်ပြောင်၊ သရုပ်ဖေါ်ထားတဲ့
  2. ဇာတ်လမ်းတပုဒ်ဖြစ်ပြီး သရုပ်ဆောင်များအဖြစ် ကြယ်သီး၊ ပန်းသီး၊ ဇီးသီး စတဲ့ ( သီးလေးသီး )
  3. - သီးညီနောင်အဖွဲ့သားများနဲ့အတူ ချင်းမိုင်မြို့က မြန်မာအနုပညာရှင်များ ပူးပေါင်းပါဝင်ထားကြပါတယ်။
"စစ်အာဏာရှင်တွေလက်အောက်ရောက်မြန်မာပြည်ကအတုအယောင်လွှတ်တော်တွင်းမှာ
အမတ်ဆိုသူတွေတိုင်းပြည်အတွက်လွတ်လပ်စွာလူထုအကျိုးမဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို 
ဖော်ထုတ်သရော်ထားတာဖြစ်ပါတယ်။နိုင်ငံရေးလွတ်လပ်ခွင့်မပြောနဲ့ဦး၊အနုပညာကိုလွတ်လပ်စွာ
တင်ပြခွင့်မရှိသေးတဲ့ မြန်မာပြည်တွင်းမှာ ယခုကဲ့သို့ တင်ဆက်မှုတွေ ပေါ်ထွန်းလာဖို့ မျှော်လင့်မိတယ်"
လို့ (သီးလေးသီး )- သီးညီနောင်အဖွဲ့က ကိုပန်းသီးမှ မိုးမခကို ပြောကြားခဲ့ပါတယ်။
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
88 - 23 Year Event , NYC Invitation
14.6.11
အောင်ဆန်းစုကြည် မြန်မာပြည်တွင် နေသည် - အသံထွက်ကဗျာ
မိုးမခ၊ ဇွန် ၁၃၊ ၂၀၁၁
ကျနော်တို့ရဲ့ လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၆ နှစ်မြောက် မွေးနေ့အတွက် ကဗျာဆရာ မောင်လွမ်းဏီ ရေးဖွဲတဲ့ကဗျာကို ကိုဇာဂနာရဲ့သီးလေးသီးက မောင်ကြယ်သီးက ဂါရ၀ပြု ရွတ်ဖတ်မှာ ဖြစ်ပါတယ်။  ကဗျာက - "အောင်ဆန်းစုကြည်မြန်မာပြည်တွင်နေသည်"
-      ကဗျာရေးသူ - မောင်လွမ်းဏီ၊ ကဗျာဖတ်သူ - ကြယ်သီး၊
-      အသံသွင်းစတူဒီယို - ရှမ်ဘဲလား၊ ကဗျာလာတဲ့အရပ် - မြန်မာပြည်အိမ်နီးချင်း ထိုင်းနိုင်ငံ
22.3.11
ကဗျာနေ့အတွက် အသံထွက်ကဗျာတပုဒ် - “တဆင့်စကားများ”
 ကဗျာနေ့အတွက် အသံထွက်ကဗျာတပုဒ် - “တဆင့်စကားများ”
မတ် ၂၂၊ ၂၀၁၁
ကဗျာရေးသူ - မောင်လွမ်းဏီ၊ ကဗျာဖတ်သူ - ကြယ်သီး၊
အသံသွင်းစတူဒီယို - ရှမ်ဘဲလား၊ ကဗျာလာတဲ့အရပ် - မြန်မာပြည်အိမ်နီးချင်း ထိုင်းနိုင်ငံ
19.2.11
ပထမခရီးခြေတစ်လှမ်း
<eb>
ကျနော်တို့ အခု အကသင်တန်း ကို ဒီကနေ့ နေ့ ခင်း ၁၁ နာရီကနေစပြီး တော့  သင်ပြနေပါပြီ။
အခု ၁၉. ၂.၂၀၁၁ နေ့ ကနေစပြီးတော့ သင် တန်း ကို အခ မဲ့  သင်တန်း ပေးလိုက်တာပါ။
အနည်း ဆုံး ၂. လ. ၃. လနဲ့ အပြတ် သင် တန်း လေး ကို စဖွင့်လိုက် ပြီ ချင်း မိုင် မှာ ပေါ့-
အရွယ် စုံ ပေါ့ နော်..
ရည်ရွယ်ချက်ကတော့ ကလေးငယ်လေးတွေရဲ့ 
နူညံ့ သိမ်မွေ့ ခြင်းနှင့် ရေခြားမြေခြားတိုင်းတပါးနယ်ခြားမှာ ရောက်ရှိနေတဲ့ 
စည်းနဲ့ ဝါး နဲ့က ရ ကြပါ လားဆို တာ ကို စနစ်တကျတက်စေချင်တဲ့ စေတနာရယ်ပါ...
တိုင်း ပြည်တိုးတက်ပြောင်း လဲရေး ကိုကြိုးပမ်းနေကြတဲ့ အချိန်မှာ လည်း ကျနော်တို့အနုပညာကတခန်းကပါဝင်တယ်ဆိုတာကို လက်တွေ ဖေါ်ဆောင်ကြတာလည်း ဖြစ်ပါတယ်-
ယာယီအနေနဲ့ အခုတော့ဒီလိပ်စာမှာသင်နေပါပြီ။
13/3 ratuthit road t- watgut; mung-chaingmai;
chaingmai
thailand 50100