Showing posts with label Events. Show all posts
Showing posts with label Events. Show all posts

26.10.10

Thee Brothers with Young Actresses performed 2010 Challenge Anyeint

သီးညီနောင်နဲ့ မျိုးဆက်သစ်လှပျိုဖြူတို့က ၂၀၁၀ ကို စိန်ခေါ်
မိုးမခအထောက်တောက် ချင်းမိုင်
အောက်တိုဘာ ၂၆၊ ၂၀၁၀
 
သီးညီနောင်နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)တို့ ပူးပေါင်းတင်ဆက်ခဲ့သည့် “၂၀၁၀ အနုပညာစိန်ခေါ်သံများ” ကပွဲကို ချင်းမိုင်မြို့တွင် အောင်မြင်စွာ တင်ဆက်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။ မြန်မာမှုရုပ်သေးအစီစဉ်များနှင့်အတူ၊ သီးညီနောင်အဖွဲ့သားများ ဦးဆောင် ပါဝင် ကပြသည့် “၂၀၁၀ ကြွတ်ကြွတ်အိတ်သံသရာ” ပြဇာတ်သစ်ကိုလည်း တင်ဆက်ခဲ့သည်ကို တွေ့ရသည်။
ထူးထူးခြားခြားတင်ဆက်မှုအဖြစ် “၂၀၁၀ - မော်ဒန်အငြိမ့်ပွဲတော် အစီအစဉ်” ကို အမျိုးသမီး ဟာသလူရွှင်တော်များ ဖြစ်ကြသော  “ဆဲဆဲ ၊ ကဲကဲ ၊ ငဲငဲ ၊ ဘဲဘဲ” တို့၏ ရယ်စရာ ဟာသပြက်လုံးများနဲ့အတူ မျိုးဆက်သစ် မင်းသမီးချောလေး “သဲသဲ”၏ အကအလှများဖြင့် တင်ဆက်ရာ  ပရိသတ်များ အားပါးတရ အားပေးခဲ့ကြသည်။ အမျိုးသမီးလူရွှင်တော်လေးများရဲ့ ၂၀၁၀ရွေးကောက်ပွဲအား သရော်ထားသော ဟာသပြကွက်များမှာ ပရိသတ်များ အထူးနှစ်ခြိုက်သဘော ကျခဲ့ကြသည် ဟု ပရိသတ်တဦးက ပြောပြသည်။

၂၀၁၀-မော်ဒန်အငြိမ့်ပွဲတော် ဟာသပြက်လုံးများကို သီးညီနောင်အဖွဲ့သားများ ဖြစ်ကြသော ကြယ်သီး၊ ပန်းသီး၊ ဇီးသီး တို့က ရေးသားပေးခဲ့ကြပြီး၊ မင်းသမီးမြစပယ်ငုံက အကသင်ပေးခဲ့သည်ဟု သိရသည်။
သီးညီနောင်အမည်ဖြင့် ရပ်တည်နေသော အနုပညာအဖွဲ၏ လက်ရှိအခြေအနေကို မေးမြန်းကြည့်ရာတွင် ၎င်းတို့၏ ဆရာဖြစ်သူ ကိုဇာဂနာ (ကိုသူရ) က ကိုယ့်အနုပညာတွေကို ၀ါသနာပါသည့် မျိုးဆက်သစ်များထံ တတ်နိုင်သမျှ ဖြန့်ဝေပေးရမည်ဟု မှာခဲ့ဖူးကြောင်း၊ အနည်းဆုံးတော့ ယခုကဲ့သို့ မိမိတို့ စုစည်းနိုင်သလောက်နှင့် ဝေမျှ လက်ဆင့်ကမ်းနိုင်အောက် ကြိုးစားနေကြောင်း၊ အငြိမ့်နဲ့ ပြဇာတ်တိုက်ချိန် ၂ ပတ် အတွင်း အခုလိုမျိုး အဆင်ပြေ အောင်မြင်သည့်အတွက် ကူညီပေးသူ မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ကြောင်း သီးညီနောင်က ပြောကြားလိုက်သည်။